Legal

Samsung Knox ကိုယ်ရေးလုံခြုံမှု မူဝါဒ

အကျုံးဝင်မှု-  08/01/2021

Samsung Electronics Co., Ltd. (“Samsung၊”) သည် ကိုယ်ရေးလုံခြုံမှုက ၎င်း၏ ဖောက်သည်များနှင့် ၎င်းတို့၏ ဝန်ထမ်းများအပြင် လက်တွဲလုပ်ကိုင်သူများအတွက် ဘယ်လောက် အရေးကြီးကြောင်းကို သိနားလည်ပြီး သင့်အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်း၊ ထုတ်ဖော်၊ လွှဲပြောင်းပြီး သိမ်းဆည်းပုံကို ကြိုးပမ်း၍ ရှင်းလင်းပြောပြလိုပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် Samsung Knox သို့မဟုတ် ဤကိုယ်ရေးလုံခြုံမှု မူဝါဒ (ခြုံငုံဆိုရသော် “လုပ်ငန်း ဝန်ဆောင်မှုများ”) နှင့် ဆက်စပ်သည့် သို့မဟုတ် ကိုးကားသည့် အခြား ဝန်ဆောင်မှုများမှတဆင့် စုဆောင်းထားသည့် ကိုယ်ရေး အချက်အလက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ အချက်အလက်များ ကျင့်ထုံးအတွက် ခြုံငုံသုံးသပ်ချက်ကို ဖော်ပြပေးပါသည်။

သက်ဆိုင်ရာ ဥပဒေတွင် လုပ်ငန်း ဝန်ဆောင်မှုများ သို့မဟုတ် ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ ကိုယ်ရေးသီးသန့် အချက်အလက် ကျင့်ထုံးများတွင် ပြောင်းလဲမှုများကို ထင်ဟပ်စေရန် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို အခါအားလျော်စွာ ပြင်ဆင်မွမ်းမံနိုင်ပါသည်။ ၎င်းကို လတ်တလော ပြင်ဆင်မွမ်းမံသောအခါ ဤကိုယ်ရေးလုံခြုံမှု မူဝါဒ၏ ထိပ်ဆုံးတွင် ပြသပါမည်။ ကိုယ်ရေးလုံခြုံမှု မူဝါဒကို သင်ပြင်ဆင်မွမ်းမံပါက လုပ်ငန်းဝန်ဆောင်မှုများတွင် ကြေညာချက် ထုတ်ပြန်ခြင်းဖြင့် သို့မဟုတ် လိုအပ်သလို သင့်ထံ အီးမေးလ်ပေးပို့ခြင်းဖြင့် အဓိကကျသည်ဟု ကျွန်ုပ်တို့ယူဆသည့် ပြောင်းလဲမှုများနှင့် ပတ်သက်၍ သင့်ကို ကြိုတင် အသိပေးပါမည်။

သင်နှင့် ပတ်သက်၍ ဘယ်လိုအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းပါသလဲ။

လုပ်ငန်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကိုယ်ရေးအချက်အလက်မျိုးစုံကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်။

ဥပမာ-

  • သင့်အမည်၊ လိပ်စာ၊ အီးမေးလ် လိပ်စာ၊ နိုင်ငံနှင့် အဆက်အသွယ် အသေးစိတ်၊ အလုပ်ဂုဏ်ပုဒ်နှင့် ရာထူး၊ ကုမ္ပဏီ၊ မှတ်ပုံတင် အသေးစိတ်များ၊ စီမံခန့်ခွဲထားသော ကိရိယာများ (IMEI၊ အမှတ်စဉ်နံပါတ်၊ မော်ဒယ်အမည် ကဲ့သို့) နှင့် ပတ်သက်သော အချက်အလက်များအပြင် ကျွန်ုပ်တို့ထံ သင်ပေးပို့ သို့မဟုတ် ဖြန့်ဝေသည့် ဆက်သွယ်ပြောဆိုမှုများကဲ့သို့ သင်ပေးအပ်သည့် ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်။
  • သင်၏ အသုံးပြုချိန်နှင့် ကြာချိန် အပါအဝင် သင်၏ လုပ်ငန်းဝန်ဆောင်မှုများ အသုံးပြုမှုဆိုင်ရာ ဒေတာများ၊ သင့်ကိရိယာတွင် ကျွန်ုပ်တို့က သတ်မှတ်ထားသည့် ကွက်ကီးများတွင် သိမ်းဆည်းထားသော အချက်အလက်များနှင့် သင့်ကိရိယာ သတ်မှတ်ချက်များအကြောင်း အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်၊
  • သင် သို့မဟုတ် သင့်အလုပ်ရှင်က ဝယ်ယူ သို့မဟုတ် လက်ခံရရှိထားသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဆိုင်ရာ အချက်အလက်များအပြင် ငွေလွှဲမှုနှင့်စပ်လျဉ်းသော ငွေပေးချေမှု ဒေတာများနှင့် အခြား အချက်အလက်များဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည်။
  • သင့်အလုပ်ရှင် သို့မဟုတ် ဝန်ဆောင်မှုပေးသူ သို့မဟုတ် အများဆိုင်နှင့် စီးပွားဖြစ် အသုံးပြုနိုင်သည့် ရင်းမြစ်များ (ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်း) မှလည်း သင်နှင့် ပတ်သက်သော ကိုယ်ရေး အချက်အလက်များကို လက်ခံရရှိနိုင်ပြီး ၎င်းတို့ကို သင့်ထံမှ သို့မဟုတ် သင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ လက်ခံရရှိသည့် အခြား အချက်အလက်နှင့် ပေါင်းစပ်နိုင်ပါသည်။

သင့်အချက်အလက်ကို ကျွန်ုပ်တို့ မည်သို့အသုံးပြုသနည်း။

ကျွန်ုပ်တို့စုဆောင်းထားသော အချက်အလက်များအား အောက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်-

  • သင် (သို့မဟုတ် သင့်အလုပ်ရှင်) တောင်းဆိုသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်နှင့် သင် သို့မဟုတ် သင့်ကိရိယာကို မှတ်ပုံတင်ရန် သို့မဟုတ် စစ်မှန်ကြောင်းအတည်ပြုရန်၊
  • သင့်ကုမ္ပဏီ၏ ဝယ်ယူမှု မှတ်တမ်းနှင့် ဝန်ဆောင်မှု မှတ်တမ်းအပြင် တောင်းဆိုပါက အခြား သက်ဆိုင်ရာ အချက်အလက်ကို ထည့်စဉ်းစားသည့် ပိုကောင်းပြီး ပို၍ စိတ်ကြိုက်ပြုလုပ်ထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန်၊
  • သက်ဆိုင်ရာ ဥပဒေအရ လိုအပ်သည့်အခါ သင်၏ သီးခြား သဘောတူညီချက်အရ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များအကြောင်း သင့်ကို အသိပေးရန်၊
  • ကျွန်ုပ်တို့၏ ဈေးကွက်၊ သုံးစွဲသူများ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ (ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် သင့်ထင်မြင်ချက်များအား မေးမြန်းခြင်းနှင့် ကျွန်ုပ်တို့၏ သုံးစွဲသူဆိုင်ရာ စစ်တမ်းများ ဆောင်ရွက်ခြင်းအပါအဝင်) အား အကဲဖြတ်ခြင်းနှင့် စိစစ်ခြင်းတို့အတွက်၊
  • လုပ်ငန်းဝန်ဆောင်မှုများကို ကျွန်ုပ်တို့ တိုးတက်ကောင်းမွန်အောင်လုပ်ပြီး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များကို ဖန်တီးနိုင်စေရန် ကုမ္ပဏီက ၎င်းတို့ကို အသုံးပြုသည့်နည်းလမ်းကို နားလည်ရန်၊
  • ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများပေးအပ်ရန်အပြင် လုပ်ငန်းဝန်ဆောင်မှုများအတွက် လုံလောက်သော လုံခြုံရေးအဆင့်ကို ထိန်းသိမ်းထားရှိရန်၊
  • Samsung သို့မဟုတ် အခြား သက်ဆိုင်ရာ လုပ်ငန်းခွဲများ၊ လုပ်ငန်းပါတနာများ၊ ဝန်ထမ်းများ သို့မဟုတ် ဖောက်သည်များ (ဥပမာ၊ ဥပဒေဆိုင်ရာ ဆောင်ရွက်မှုများ၊ ကုမ္ပဏီတွင် စုံစမ်းစစ်ဆေးမှုများနှင့် အခွင့်အာဏာရှိသူများ၏ စုံစမ်းစစ်ဆေးမှုများတွင်) ၏ လုပ်ပိုင်ခွင့်များ၊ ပိုင်ဆိုင်မှု သို့မဟုတ် ဘေးကင်းရေးကို ကာကွယ်ရန်အပြင်
  • တစ်နည်းအားဖြင့် သင်၏ သီးခြား သဘောတူညီချက်ဖြင့် သို့မဟုတ် သင့်အချက်အလက်ကို စုဆောင်းချိန်တွင် ဖော်ပြသည့်အတိုင်း။

လုပ်ငန်းဝန်ဆောင်မှုများဖြင့် ကျွန်ုပ်တို့သည် အချိန်နှင့်အမျှ ဝဘ်ဆိုက်များနှင့် ချိတ်ဆက်ကိရိယာများတွင် သင့်အွန်လိုင်းလှုပ်ရှားမှုများနှင့် ပြင်ပ ဝက်ဘ်ဆိုက်များ၊ ကိရိယာများ၊ အက်ပ်များနှင့် အခြား အွန်လိုင်းဆောင်ရွက်ချက်များအပြင် ဝန်ဆောင်မှုများမှတဆင့် သင့်ကိုယ်ရေးအချက်အလက်များကို စုဆောင်းနိုင်သည်။ Google Analytics ကဲ့သို့ လုပ်ငန်းဝန်ဆောင်မှုများတွင် ပြင်ပအဖွဲ့အစည်း ပိုင်းခြားစိတ်ဖြာဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။ အဆိုပါ ပိုင်းခြားစိတ်ဖြာဝန်ဆောင်မှုများကို ကြီးကြပ်သည့် ဝန်ဆောင်မှု ပေးသူများသည် သင်၏ လုပ်ငန်း ဝန်ဆောင်မှုများ အသုံးပြုမှုကို စိစစ်ရန်နှင့် လုပ်ငန်း ဝန်ဆောင်မှုများကို တိုးတက်အောင်လုပ်ရန် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။ ကျွန်ုပ်တို့ ရယူသော အချက်အလက်များကို ထိုပေးအပ်သူများနှင့် အခြားသက်ဆိုင်သော အချက်အလက်အသုံးပြုသူ ပြင်ပအဖွဲ့များကို ဖွင့်ပေးခြင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင်ရယူစေခြင်း ပြုလုပ်နိုင်မည်ဖြစ်သည် (ဥပမာ၊ လုပ်ငန်းဝန်ဆောင်မှုများ အသုံးပြုမှုကို အကဲဖြတ်ရန်၊ လုပ်ငန်း ဝန်ဆောင်မှုများကို စီမံခန့်ခွဲရန်နှင့် နည်းပညာပြဿနာများကို ဖြေရှင်းရန်)။ Google Analytics အကြောင်းကို နောက်ထပ် လေ့လာရန် http://www.google.com/analytics/learn/privacy.html နှင့် https://www.google.com/policies/privacy/partners/ သို့ ဝင်ကြည့်ပါ။

ကျွန်ုပ်တို့က သင်၏ အချက်အလက်အား မည်သူ့ထံ ထုတ်ဖေါ်ပြောဆိုနိုင်ပါသနည်း။

သင့်ခွင့်ပြုချက်မရဘဲ သင့်သတင်းအချက်အလက်များကို အခြား ပြင်ပအဖွဲ့အစည်းများအား ၎င်းတို့၏ ဈေးကွက်မြှင့်တင်ရန် သို့မဟုတ် စီးပွားအကျိုးအမြတ်အတွက် အသုံးချရန်အတွက် မပေးအပ်ပါ။ သို့သော် သင့်အချက်အလက်များကို အောက်ပါ အဖွဲ့များထံ ကျွန်ုပ် မျှဝေရနိုင်ပါသည်-

  • Samsung လုပ်ငန်းခွဲများ၊
  • တောင်းဆိုထားသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင့်ထံ ပေးအပ်ရန် လိုအပ်သောအခါ ပြင်ပအဖွဲ့အစည်းများထံ။ ဥပမာ၊ သင်တောင်းဆိုခဲ့သည့် လွှဲပြောင်းမှုများကို စီစဉ်ဆောင်ရွက်ရန် လိုအပ်သလို သင်၏ ငွေပေးချေမှု ဒေတာများကို ငွေကြေးဆိုင်ရာ အသင်းအဖွဲ့များထံ ကျွန်ုပ်တို့ ထုတ်ဖော်ပေးနိုင်ပါသည်၊
  • ငွေတောင်းခံသည့် လုပ်ငန်းစဉ်တွင် ကျွန်ုပ်တို့ကို ကူညီပေးသည့် ကုမ္ပဏီများကဲ့သို့ ကျွန်ုပ်တို့အတွက် သို့မဟုတ် ကျွန်ုပ်တို့ ကိုယ်စား ဝန်ဆောင်မှုများ ပေးအပ်သည့် ကုမ္ပဏီများ၊
  • အခြား အဖွဲ့များ- (i) ဥပဒေအရ လုပ်ဆောင်ရန် သို့မဟုတ် မဖြစ်မနေ လုပ်ရသည့် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ် (ရှာဖွေရန် အမိန့် သို့မဟုတ် အခြား တရားရုံးအမိန့် ကဲ့သို့) နှင့်အညီ ဆောင်ရွက်ရန်၊ (ii) ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုများကို လွှမ်းမိုးနေသည့် မူဝါဒများနှင့်အညီ အတည်ပြုရန် သို့မဟုတ် ပြဠာန်းရန်၊ (iii) Samsung သို့မဟုတ် အခြား သက်ဆိုင်ရာ လုပ်ငန်းခွဲများ၊ လုပ်ငန်းပါတနာများ သို့မဟုတ် ဖောက်သည်များ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှု သို့မဟုတ် ဘေးကင်းရေးကို ကာကွယ်ရန်၊ (iv) ပေါင်းစည်းမှု သို့မဟုတ် လွှဲပြောင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သို့မဟုတ် ဒေဝါလီခံသည့် ဖြစ်ရပ်တွင်၊
  • အဆိုပါ မျှဝေမှုအတွက် သင်သဘောတူသည့် သို့မဟုတ် တောင်းဆိုသည့်အခါ အခြား ပြင်ပအဖွဲ့အစည်းများနှင့်အတူ။

ဝဘ်ဆိုက်၊ မိုဘိုင်း အပလီကေးရှင်း သို့မဟုတ် အခြား အွန်လိုင်း ဝန်ဆောင်မှုများ (ထုတ်ပြန်ကြေညာချက်ဘုတ်များ ကဲ့သို့) ၏ အများဆိုင်ဧရိယာများတွင် သင်ပြုလုပ်သည့် တင်သွင်းမှုများကို လုပ်ငန်း ဝန်ဆောင်မှုများ၏ အခြား အသုံးပြုသူများက မြင်ရနိုင်ပါသည်။ လုပ်ငန်းဝန်ဆောင်မှုများ၏ အခြားအသုံးပြုသူများက ဤအချက်အလက်များကို အသုံးပြုနိုင်သည့် နည်းလမ်းကို ကျွန်ုပ်တို့ မထိန်းချုပ်ဘဲ တာဝန်မယူပါ။ ဥပမာ၊ သင့်ထံ မလိုလားအပ်သော မက်ဆေ့ခ်ျများ ပေးပို့ရန် သို့မဟုတ် အခြားရည်ရွယ်ချက်များအတွက် အများဆိုင် ဧရိယာများတွင် သင်တင်သွင်းသည့် ကိုယ်ရေး အချက်အလက်များကို အခြားလူများက စုဆောင်းပြီး အသုံးပြုနိုင်ပါသည်။

သင့်အချက်အလက်များ လုံခြုံမှုရှိစေရန် ကျွန်ုပ်တို့မှ မည်သို့ လုပ်ဆောင်ပါသနည်း။

လုပ်ငန်း ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ စုဆောင်းသည့် အချက်အလက်များကို ကာကွယ်ရန် ဒေတာဘေ့စ် ကုဒ်ပြောင်းဝှက်ခြင်း အပါအဝင် ကျိုးကြောင်းဆီလျော်သော ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များကို ကျွန်ုပ်တို့ ချမှတ်ထားသည်။ သို့သော်၊ သင့်အချက်အလက်များအား ကာကွယ်ရန် သင့်တော်သည့် အဆင့်များဖြင့် လုပ်ဆောင်ထားသော်လည်း၊ မည်သည့် ဝက်ဘ်ဆိုဒ်၊ အင်တာနက် လွှဲပြောင်းမှု၊ ကွန်ပျူတာစနစ် သို့မဟုတ် ကြိုးမဲ့ ချိတ်ဆက်မှုများသည် အပြည့်အဝ လုံခြုံစိတ်ချမှုမရှိကြောင်းကို မှတ်သားထားစေလိုပါသည်။

သင့်အချက်အလက်များကို မည်သည့်နေရာသို့ လွှဲပြောင်းပါသလဲ။

လုပ်ငန်း ဝန်ဆောင်မှုများကို သင်အသုံးပြုမှု သို့မဟုတ် ၎င်းတွင် သင်၏ ပါဝင်မှုတွင် ဤမူဝါဒနှင့်အညီ သင်နေထိုင်သည့်နိုင်ငံ ပြင်ပတွင် သင့်အချက်အလက်များကို လွှဲပြောင်းခြင်း၊ သိုလှောင်ခြင်းနှင့် စီစဉ်လုပ်ဆောင်ခြင်းတို့ ပါဝင်နိုင်ပါသည်။ သင့်အချက်အလက် လွှဲပြောင်းနိုင်သည့် နိုင်ငံများ၏ ဒေတာကာကွယ်ခြင်းနှင့် အခြား ဥပဒေများသည် သင့်နိုင်ငံ၏ ဥပဒေများကဲ့သို့ ပြည့်စုံကျယ်ပြန့်မှု မရှိတာမျိုး ဖြစ်နေနိုင်ကြောင်း မှတ်သားထားစေလိုပါသည်။ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေအရ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ထားကြောင်း သေချာစေရန် သင့်တော်ရာ ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်ပါသည်။

သင့်အချက်အလက်များကို သင်ဝင်သုံးနိုင်ပါသလား။

အချို့သော တရားစီရင်ပိုင်ခွင့် ဥပဒေများအရ၊ သင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ စုဆောင်းထားသော အချက်အလက်အကြောင်း အသေးစိတ် တောင်းခံပိုင်ခွင့်ရှိပြီး ယင်းအချက်အလက်များ၏ မမှန်ကန်မှုများအား ပြင်ဆင်နိုင်ပါသည်။ ကျိုးကြောင်းမညီညွတ်သော ထပ်မံပြောဆိုသည့် တောင်းခံမှုမျိုး၊ အချိုးမကျသော နည်းပညာ ကြိုးပမ်းအားထုတ်မှုလိုအပ်ချက်၊ အခြားသူများ၏ ကိုယ်ရေးကိုယ်တာအား ထိခိုက်စေမှုနှင့်ပတ်သက်သည့် တောင်းခံမှု၊သို့မဟုတ် ဒေသတွင်း ဥပဒေအရ လိုအပ်လာခြင်းမရှိလျှင် ၎င်းတို့အား ငြင်းဆိုနိုင်ပြီး၊ လုံးဝ လုပ်ဆောင်ခြင်းမရှိပါ။ သင့်အချက်အလက်များကို ရယူအသုံးပြုရန် တောင်းဆိုချက် ပြုလုပ်လိုပါက ဤကိုယ်ရေးလုံခြုံမှု မူဝါဒ၏ အဆက်အသွယ် အပိုင်းတွင် ဖော်ပြထားသည့် နည်းလမ်းများဖြင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

သင့်ကိုယ်ရေး အချက်အလက်ကို ဖျက်ရန် တောင်းဆိုလျှင်၊ ဝန်ဆောင်မှုကို အသုံးပြုခွင့် သို့မဟုတ် သုံးစွဲခွင့် ရရှိတော့မည်မဟုတ်ကြောင်းနှင့် ယင်း ကိုယ်ရေး အချက်အလက်အား Samsung ၏ မှတ်တမ်းများအဖြစ် တစ်ခါတစ်ရံတွင် လက်ဝယ်ထားရှိနိုင်သည်၊ သို့သော် Samsung က ယင်းအချက်အလက်ကို စီးပွားရေးအတွက် အသုံးပြုမည် မဟုတ်ပါ။ ဖျက်ပစ်ရန် သင်တောင်းဆိုသော်ငြားလည်း Samsung သို့မဟုတ် အခြား သက်ဆိုင်ရာ လုပ်ငန်းခွဲများ၊ လုပ်ငန်းပါတနာများ၊ ဝန်ထမ်းများ သို့မဟုတ် ကျွန်ုပ်တို့၏ ဖောက်သည်များ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှု သို့မဟုတ် ဘေးကင်းရေးကို ကာကွယ်ရန် လိုအပ်သောအခါ Samsung အသုံးပြုမှုစည်းမျဉ်းများ ချိုးဖောက်ခြင်းအတွက် ဝဘ်ဆိုက်သို့ သင်၏ အသုံးပြုမှုကို Samsung က ဆိုင်းငံ့၊ ကန့်သတ် သို့မဟုတ် ရပ်ဆဲလိုက်ပါက၊ Samsung သည် သင့်ကိုယ်ရေး အချက်အလက် သို့မဟုတ် သက်ဆိုင်ရာ အပိုင်းကို ထိန်းသိမ်းထားပိုင်ခွင့် လက်ဝယ်ပိုင်ဆိုင်သည်ကို သင်နားလည်ပါသည်။

သင့်အချက်အလက်များကို ကျွန်ုပ်တို့ ဘယ်လောက်ကြာ ထိန်းသိမ်းထားပါသလဲ။

မည်သည့်အချိန်တွင်မဆို ကောက်ခံထားရှိသောအချက်အလက်များ လိုအပ်လာလျှင်၊ သို့မဟုတ် မည်သည့် စာချုပ်အရမဆို လိုအပ်လာလျှင် သို့မဟုတ် သက်ရောက်သော ဥပဒေအရ လိုအပ်လာလျှင် ယင်းအချက်အလက်များအား သင့်တော်သည့် အဆင့်များဖြင့် သေချာစွာ ထိန်းသိမ်းထားရှိပါသည်။

ကျွန်ုပ်တို့ ဝန်ဆောင်မှုများရှိ အခြား ပြင်ပအဖွဲ့များ၏ လင့်ခ်များနှင့် ကုန်ပစ္စည်းများ

ကျွန်ုပ်တို့ လုပ်ငန်း ဝန်ဆောင်မှုများသည် ကျွန်ုပ်တို့၏ ထိန်းချုပ်ခွင့်ပြင်ပရှိ အခြားပူးပေါင်းဆောင်ရွက်သူများ၏ ဝက်ဘ်ဆိုဒ်များနှင့် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်နိုင်ပါသည်။ ဝက်ဘ်ဆိုဒ် သို့မဟုတ် အခြား ဝန်ဆောင်မှုများမှ စုဆောင်းထားရှိသော မည်သည့်အချက်အလက်ကိုမဆို လုံခြုံရေး သို့မဟုတ် ကိုယ်ရေးလုံခြုံမှုအတွက် ကျွန်ုပ်တို့တွင်တာဝန်မရှိပါ။ သင်သည် သင်အသုံးပြုသော အခြား ပူးပေါင်းဆောင်ရွက်သူများ၏ ဝက်ဘ်ဆိုဒ်များ နှင့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်သော သတိပေးချက်၊ နှင့် ကိုယ်ရေးကိုယ်တာ ဖော်ပြချက်များ သုံးသပ်ချက်တို့အား လေ့ကျင့်လုပ်ဆောင်သင့်သည်။

ကွတ်ကီးများ၊ ဘေကွန်များနှင့် အလားတူ နည်းပညာများ

 ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုများတွင် ပါဝင်သည့်အရာ၊ ကြော်ငြာ သို့မဟုတ် အခြား လုပ်ဆောင်ချက်များ ပံ့ပိုးသည့် ပြင်ပအဖွဲ့အချို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုများ၏ အချို့သော ဧရိယာများတွင် ကွတ်ကီးများ၊ ဘေကွန်များနှင့် အခြားနည်းပညာများကို အသုံးပြုရနိုင်ပါသည်။

ကွတ်ကီးများ

ကွတ်ကီးများသည် သင့်ကိရိယာတွင် အချက်အလက်များ သိမ်းဆည်းသည့် ဖိုင်ငယ်များ ဖြစ်သည်။ ၎င်းတို့သည် မတူညီသည့် ဝက်ဘ်ဆိုဒ်များ၊ ဝန်ဆောင်မှုများ၊ ကိရိယာများ၊ နှင့်/သို့မဟုတ် ရှာဖွေမှု အခန်းများအား မှတ်မိစေရန် သင့်ကိရိယာများတွင်းသို့ ကွတ်ကီး ထည့်သွင်းသည့် အရာတစ်ခုကို စတင်လုပ်ဆောင်စေပါသည်။ ကွတ်ကီးများသည် ရည်ရွယ်ချက်များစွာဖြင့် အသုံးဝင်လှပါသည်။ ဥပမာ-

  • သင်သည် ဝန်ဆောင်မှုတစ်ခုအတွင်း ဝင်ရောက်သည့်အခါတိုင်း ကိုယ်ပိုင်အထောက်အထားများကို ရိုက်ထည့်ရန် မလိုအပ်ရန်အတွက် ကွတ်ကီးများသည် သင်၏ ဝင်ရောက်မှု ကိုယ်ပိုင်အထောက်အထားများကို မှတ်သားထားနိုင်သည်။

ကွတ်ကီးများမှ ကျွန်ုပ်တို့နှင့် အခြား ပြင်ပအဖွဲ့အစည်းများအား မည်သည့် စာမျက်နှာများနှင့် အင်္ဂါရပ်များကို လာရောက်ကြည့်ရှုသူများမှ ရယူပြီး ယင်းစာမျက်နှာများတွင် အချိန်မည်မျှ ကုန်ဆုံးခဲ့သည်ကို သိမြင်အောင် အထောက်အကူပြုသောကြောင့် ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုများ၏ မည်သည့်အပိုင်းများမှာ အကျော်ကြားဆုံးဖြစ်ကြောင်း နားလည်သဘောပေါက်အောင် အထောက်အကူပြုပါသည်။ ယင်းကဲ့သို့ အချက်အလက်အား လေ့လာခြင်းဖြင့်၊ လုပ်ငန်း ဝန်ဆောင်မှုအား ပိုမိုလိုက်ဖက်အောင်ပြင်ဆင်နိုင်ပြီး သင့်အား ပိုမိုသည့် အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

  • သင်သည် MSS ဝန်ဆောင်မှုတစ်ခုအား အသုံးပြုသည့်အခါတိုင်း တူညီသည့် ကြော်ငြာအား မရရှိစေရန်အတွက် ကွတ်ကီးများမှ ကျွန်ုပ်တို့နှင့် အခြား ပြင်ပအဖွဲ့အစည်းများအား သင်မည်သည့် ကြော်ငြာများအား ကြည့်ရှုခဲ့ပြီးကြောင်းကို နားလည်သဘောပေါက်စေရန် အထောက်အကူပေးသည်။
  • သင်အသုံးပြုသော ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုများနှင့် အခြားသော ဝက်ဘ်ဆိုဒ်များနှင့် အက်ပ်များနှင့်ပတ်သက်ပြီး သတင်းအချက်အလက်စုစည်းခြင်းဖြင့် ကွတ်ကီးများသည် ကျွန်ုပ်တို့နှင့် အခြား ပြင်ပအဖွဲ့အစည်းများအား သင့်ထံ သက်ဆိုင်ရာ ပါဝင်အကြောင်းအရာနှင့် ကြော်ငြာအား ပေးရန် အထောက်အကူပြုသည်။

လုပ်ငန်း ဝန်ဆောင်မှုများအား အသုံးပြုရန် ဝက်ဘ်ဘရောင်ဇာအား သင်အသုံးပြုစဉ်၊ သင့်ဝက်ဘ်ဘရောက်ဇာအား ကွတ်ကီးများအားလုံးအား လက်ခံမည်၊ ကွတ်ကီးများအားလုံးအား ငြင်းပယ်မည်၊ သို့မဟုတ် ကွတ်ကီးတစ်ခု ပို့လိုက်တိုင်း အသိပေးရမည်ဟူ၍ သတ်မှတ်နိုင်ပါသည်။ ဘရောင်ဇာတစ်ခုစီသည် ကွဲပြားခြားနားသောကြောင့်၊ သင့်ကွတ်ကီးနှင့်ပတ်သတ်သည့် ပြင်ဆင်စရာများအား မည်သို့ပြောင်းလဲရမည်ကို သင့် ဘရောင်ဇာရှိ “အကူအညီ” မီနူးတွင် စစ်ဆေးပါ။ သင့်ကိရိယာရှိ လုပ်ဆောင်သည့်စနစ်သည် ကွတ်ကီးအတွက် ထပ်ပေါင်းထားသောထိန်းချုပ်မှုများ ပါနိုင်ပါသည်။

အချို့သော လုပ်ငန်း ဝန်ဆောင်မှုများသည် ကွတ်ကီးများအား အသုံးပြုပြီး အလုပ်လုပ်ဆောင်ရန် ပုံစံထားရှိပြီး ကွတ်ကီးများကို ပိတ်လိုက်လျှင် လုပ်ငန်းဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့၏ သတ်မှတ် အစိတ်အပိုင်းများကို အသုံးပြုရာတွင် သင့်လုပ်ဆောင်နိုင်စွမ်းအား အကျိုးသက်ရောက်စေနိုင်ကြောင်း ကျေးဇူးပြုပြီး မှတ်သားထားစေလိုပါသည်။

အခြား ကိရိယာတွင်း သိုလှောင်ခန်း

အခြား ပြင်ပအဖွဲ့အစည်းအချို့နှင့်အတူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုများနှင့်ဆက်စပ်ပြီး ကိရိယာအတွင်း ဝေမျှသော အရာဝတ္ထုများ (“Flash ကွတ်ကီး” ဟုလည်း ရည်ညွှန်းသည်) နှင့် HTML5 ကိရိယာအတွင်း သိုမှီးမှုကဲ့သို့သော ကိရိယာအတွင်း သိုမှီး နည်းပညာများဆိုင်ရာ အခြား အမျိုးအစားများကို အသုံးပြုရနိုင်သည်။ ယင်းနည်းပညာများသည် အထက်တွင် ဆွေးနွေးခဲ့သည့် ကွတ်ကီးများနှင့် အလားတူဖြစ်ပြီး သင့်ကိရိယာတွင်း ၎င်းတို့အား သိမ်းဆည်းကာ သင့်လုပ်ဆောင်မှုနှင့် စိတ်ပါဝင်စားမှုများအကြောင်း တိကျသည့် အချက်အလက်များအား သိမ်းဆည်းကာ အသုံးပြုနိုင်ပါသည်။ သို့သော်၊ ဤနည်းပညာများသည် စံကွတ်ကီးများမှ သင့်ကိရိယာ၏ မတူညီသည့် အစိတ်အပိုင်းများအား အသုံးပြုနိုင်ပြီး၊ ၎င်းတို့အား စံ ဘရောင်ဇာ တူးလ်များနှင့် သတ်မှတ်ချက်များကိုအသုံးပြုပြီး မထိန်းချုပ်နိုင်ပါ။ Flash ကွတ်ကီးများတွင် ပါဝင်သည့် အချက်အလက်များကို ပိတ်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းဆိုင်ရာ နောက်ထပ် အချက်အလက်အတွက် ဤနေရာကို နှိပ်ပါ။

ဘေကွန်များ

ကျွန်ုပ်တို့သည် တိကျသည့် အခြား ပြင်ပအဖွဲ့အစည်းများနှင့်တွဲဖက်ကာ၊ သင့်ကိရိယာမှ ဆာဗာတစ်ခုသို့ ဆက်သွယ်ထားသည့် ဘေကွန်များ (သို့မဟုတ် “ပစ်ဇယ်လ်များ”) ဟုခေါ်သည့် ဆက်သွယ်မှုနည်းပညာကိုလည်း အသုံးပြုနိုင်ပါသည်။ ဘေကွန်များသည် အွန်လိုင်းအကြောင်းအရာများ၊ ဗီဒီယိုများ၊ နှင့် အီးမေးလ်များတွင် ကိန်းအောင်းနေနိုင်ပြီး၊ သင့်ကိရိယာမှ တိကျသည့် အချက်အလက်အမျိုးအစားများအား ဖတ်ရှုရန် ဆာဗာတစ်ခုအား ခွင့်ပြုနိုင်ပါသည်၊ ၎င်းတို့သည် သီးသန့် အကြောင်းအရာတစ်ခု သို့မဟုတ် သီးသန့် အီးမေးလ်မက်ဆေ့ခ်ျတစ်ခုအား သင်ကြည့်ရှုသည့်အခါတွင်၊ သင်ကြည့်ရှုခဲ့သော ဘေကွန်များနှင့် သင့်ကိရိယာရှိ IP လိပ်စာ တို့အား ဘေကွန်မှ ဆုံးဖြတ်နိုင်ပါသည်။ ကျွန်ုပ်တို့နှင့် တိကျသည့် အခြား ပူးပေါင်းလုပ်ဆောင်သူများသည် ဘေကွန်အား ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုများနှင့် အကြောင်းအရာပံ့ပိုးရန် (ကွတ်ကီးနှင့် ချိတ်ဆက်၍) နှင့် သင့်အတွက် ကိုက်ညီသည့် ကြော်ငြာများ ပေးအပ်နိုင်ရန်တို့အပါအဝင် ရည်ရွယ်ချက်များစွာအတွက် အသုံးပြုကြပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်း ဝန်ဆောင်မှုအား အသုံးပြုခွင့်ရရှိခြင်းဖြင့်၊ သင်သည် ကွတ်ကီးများသိမ်းဆည်းခြင်း၊ အခြား ကိုယ်ပိုင် သိုလှောင်နည်းပညာများ၊ ဘေကွန်များနှင့် သင့်ကိရိယာများရှိ အခြား အချက်အလက်များအား သဘောတူလက်ခံပါသည်။ သင်သည် ကျွန်ုပ်တို့နှင့် အထက်တွင် ဖေါ်ပြထားသော အခြား ပူးပေါင်းလုပ်ဆောင်သူများမှ ပေးအပ်သော ယင်းကွတ်ကီးများ၊ အခြား ကိုယ်ပိုင် သိုလှောင်နည်းပညာများ၊ ဘေကွန်များနှင့် အချက်အလက်များကို အသုံးပြုရန် သဘောတူပါသည်။

ဆက်သွယ်ရန်

သင့်တွင် ဤမူဝါဒနှင့် ပတ်သက်၍ မေးခွန်းများ ရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ-

Samsung Electronics Co., Ltd.

မိုဘိုင်းဌာနခွဲ B2B PM Group

dataprivacy@samsungknox.com

Back to top